back

ပခုက္ကူတက္ကသိုလ်၏ (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ်သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

Jan 25 • 2:24 AM

breaking-news

မြန်မာ

မကွေး

cover

ပခုက္ကူတက္ကသိုလ်၏ (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ်သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၏ (၂၅)နှစ်ပြည့်ငွေရတုအထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲကို ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၏ (၂၅)နှစ်ပြည့်ငွေရတုအထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲကို ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။ပထမဦးစွာ ပခုက္ကူတက္ကသိုလ်၏ (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက္ကသိုလ်ဝန်းအတွင်း စုပေါင်းသစ်ပင်စိုက်ပျိုးကြကာ ဝိဇ္ဇာနှင့်သိပ္ပံ ဘာသာရပ်ဌာန(၁၄)ခုအလိုက် လက်တွေ့သုတေသနပြုလုပ်ဖန်တီးထားသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ သမိုင်းကြောင်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများနှင့် စာအုပ်စာပေပြခန်းများ၊ (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်လာသည့် တည်ဆောက်ရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ စနစ်တကျခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ပခုက္ကူတက္ကသိုလ်၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲတွင် “Challenges of Climate Change National Interests and Enhancing Cooperations” ခေါင်းစဉ်နှင့် သက်ဆိုင်သည့် သုတေသနစာတမ်းပေါင်း (၃၇) စောင်ကို တက္ကသိုလ်အသီးသီးမှ စာတမ်းရှင်များက ဂုဏ်ပြုဖတ်ကြားခဲ့ကြကြောင်း သိရသည်။

news-view-count-icon

19