မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) လုပ်ငန်းစဉ်များကို လေ့လာစောင့်ကြည့်ရန် နိုင်ငံ (၆) ခုမှ ကိုယ်စားလှယ်များနှင့် အာရှနိုင်ငံရေးပါတီများ၏ အပြည်ပြည်ဆိုင်ရာ ညီလာခံ (ICAPP) တို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဇန်နဝါရီ ၂၄ ရက်တွင် နိုင်ငံပိုင်သတင်းစာများက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲအား လာရောက်လေ့လာသည့် နိုင်ငံများတွင် အိန္ဒိယ၊ ဘယ်လာရုစ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ကမ္ဘောဒီးယားနှင့် နီကာရာဂွာတို့ ပါဝင်ကြပြီး နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအနေဖြင့် လုပ်ငန်းစဉ်များအပေါ် အနီးကပ် လေ့လာသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Jan 25 • 2:24 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


