back

အသံကျယ်လောင်စွာ ဖွင့်ပြီး အလှူဝတ်လှည့်သော ကား ၂စီး ဖမ်းဆီးခံရ

Jan 24 • 3:00 PM

breaking-news

မြန်မာ

ပဲခူး

cover

အသံကျယ်လောင်စွာ ဖွင့်ပြီး အလှူဝတ်လှည့်သော ကား ၂စီး ဖမ်းဆီးခံရ

ပဲခူးတိုင်း ၊ တောင်ငူမြို့တွင် ဇန်နဝါရီ ၂၃ ရက် ၊ နေ့လယ်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ပြီး ဆောင်းဘောက် ကား နှစ်စီးအား တောင်ငူခရိုင် ထွေထွေအုပ်ချုပ်ရေးဦးစ...

ပဲခူးတိုင်း ၊ တောင်ငူမြို့တွင် ဇန်နဝါရီ ၂၃ ရက် ၊ နေ့လယ်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ပြီး ဆောင်းဘောက် ကား နှစ်စီးအား တောင်ငူခရိုင် ထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ၊ စုပေါင်းရုံးဝန်းထဲတွင် ဖမ်းဆီး ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ရုံးဝန်ထမ်းများထံက သိရသည်။တောင်ငူတွင် အလှူပွဲ နှင့် မဂ်လာဆောင်ပွဲများတွင် ဆောင်းဘောက်များအား ငှားရမ်းပြီး အသံကျယ်လောင်စွာဖွင့်၍ မိမိတို့ အလှူပွဲ ၊ မဂ်လာဆောင်ပွဲ များအား ဂုဏ်ယူတတ်ကြလေ့ရှိကြောင်း သိရသည်။အသံချဲစက် နှင့် ပက်သတ်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အသံချဲစက်ဖွင့်လိုပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးထံ ခွင့်ပြုမိန့်ရယူ ရမည်အပြင် သတ်မှတ်စည်းကမ်းနှင့်အညီ ဖွင့်ရမည်ဖြစ်ပြီး ပျက်ကွက်ပါက ကျပ်တစ်သောင်းထက်မပိုသော ငွေဒဏ် သို့မဟုတ် ဒဏ်ငွေ မဆောင်နိုင်ပါက ခုနှစ်ရက် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။




news-view-count-icon

13