back

သံလွင်မြစ်လက်တက်တွင် ရေဆင်းကူးရာမှ ရေနစ်ကာပျောက်ဆုံးနေသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်း ပြန်တွေ့

Jan 24 • 2:59 PM

breaking-news

မြန်မာ

ကရင်

cover

သံလွင်မြစ်လက်တက်တွင် ရေဆင်းကူးရာမှ ရေနစ်ကာပျောက်ဆုံးနေသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်း ပြန်တွေ့

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်လက်တက်တွင် ဇန်နဝါရီလ ၂၂ ရက်၊ ညနေ ၅ နာရီအချိန်ခန့်က အမှတ်(၄) ရပ်ကွက်တွင် နေထိုင်သော အသက် ၁၆ နှစ်အရွယ် ကိုစောမြင့်မြတ်ကျော်မ...

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်လက်တက်တွင် ဇန်နဝါရီလ ၂၂ ရက်၊ ညနေ ၅ နာရီအချိန်ခန့်က အမှတ်(၄) ရပ်ကွက်တွင် နေထိုင်သော အသက် ၁၆ နှစ်အရွယ် ကိုစောမြင့်မြတ်ကျော်မှာ သူငယ်ချင်းတစ်ဦးနှင့်အတူ သံလွင်မြစ်လက်တက်တွင် ရေဆင်းကူးရာမှ ရေနစ်ကာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။ဇန်နဝါရီလ ၂၃ ရက် နံနက်ပိုင်းက ရှာဖွေခဲ့ရာ နံနက် ၉ နာရီတွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။ရေနစ်သေဆုံးသူ၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်)မှ အဖွဲ့ဝင်များက ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။



news-view-count-icon

11