မီးလောင်မှုဖြစ်ခဲ့တဲ့မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်) ရဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ပုံမှန်ပြန်လည် လည်ပတ်မယ်လို့သိရပါတယ်။ လက်ရှိမီးလောင်မှုဖြစ်ပွားခဲ့တဲ့ သိုလှောင်ကန်နှစ်ကန် ကို အသုံးမပြုဘဲ အခြားရေနံစိမ်းသိုလှောင်ကန် တွေကို အသုံးပြုပြီး ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ " စွမ်းအင်ဝန်ကြီးဌာန၊ ဘက်က ဆိုထားပါတယ်။မီးလောင်မှုဖြစ်စဉ်ကြောင့် သိုလှောင်ကန်နံရံ တွေသာ မီလောင်ကျွမ်းခဲ့ပြီး သံကန်အတွင်းသိုလှောင်ထားတဲ့ ရေနံစိမ်းတွေ ပျက်စီးဆုံးရှုံးမှုမရှိခဲ့ဘူးလို့သိရပါတယ်။စက်ရုံနဲ့ရေနံသိုလှောင်ကန်တွေ ပျက်စီးဆုံးရှုံးမှုမရှိဘဲ၊ပိုက်လိုင်းအတွင်းရှိ ပိုက်လိုင်းကျန်ရေနံစိမ်း ခန့်မှန်းဂါလံ ၃၅ဝ ခန့်သာ ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ရေနံစိမ်းသိုလှောင်တာ နဲ့ ထုတ်လုပ်တဲ့လုပ်ငန်း တွေကို ပုံမှန်အတိုင်း လည်ပတ်ဆောင်ရွက် နေပြီး၊ ပြင်ပရှိဆက်သွယ်ထားတဲ့ ပိုက်လိုင်းအနည်းငယ်သာပျက်စီးသွားတယ်လို့ဆိုပါတယ်။ဆက်လက်ပြီး ပြင်ပရှိပိုက်လိုင်း တွေ ပျက်စီးမှု တွေကိုလည်း အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင် ဖို့ စီမံဆောင်ရွက်နေတယ်လို့သိရှိရပါတယ်။



