ထိုင်းနိုင်ငံရောက်ရင် Bubble Tea တို့၊ ကော်ဖီတို့ သောက်နေကျသူတွေအတွက် သတိထားစရာ သတင်းထူးတစ်ခု လာပါပြီ။ ထိုင်းနိုင်ငံ ကျန်းမာရေးဌာန (DoH) က အချိုရည်ဆိုင်တွေမှာ "ပုံမှန်အချို " ဆိုတဲ့ စံနှုန်းကို ပြောင်းလဲသတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။အရင်က ဆိုင်တွေမှာ "Normal" လို့ မှာလိုက်ရင် သကြားအပြည့် (၁၀၀%) ထည့်ပေးလေ့ရှိပေမယ့် မကြာခင် စတင်မယ့် စနစ်သစ်အရ "Normal" လို့ မှာတာနဲ့ ဆိုင်ဝန်ထမ်းတွေက အလိုအလျောက် သကြား ၅၀% (Half Sugar) ပဲ ထည့်ပေးတော့မှာ ဖြစ်ပါတယ်။ဒါဟာ ဆိုင်တွေက ဖျော်နည်းကို ပြောင်းလိုက်တာမျိုး မဟုတ်ဘဲ လူထုရဲ့ အချိုစားသုံးမှု အလေ့အထကို ပြုပြင်ဖို့အတွက် "Normal" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သကြားပါဝင်မှုကို လျှော့ချလိုက်တာဘဲဖြစ်ပါတယ်။ဒီ "Normal Sweetness = 50%" ကမ်ပိန်းမှာ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးဆိုင်တွေဖြစ်တဲ့ Café Amazon (PTT Oil), Inthanin (Bangchak Retail), All Café (CP All) နဲ့ Black Canyon Thailand တို့က ပါဝင်ပူးပေါင်းထားပါတယ်။



