ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲများကြောင့် ပြည်သူများ ပြောင်းရွှေ့လာခြင်းနှင့် ငလျင်အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကြောင့် မန္တလေးမြို့၏ မြေဈေးမှာ နှစ်ဆခန့်အထိ မြင့်တက်သွားကြောင်း ဒေသခံစီးပွားရေးလုပ်ရှင်များထံမှ သိရသည်။ ငလျင်မတိုင်မီက သိန်း ၈,၀၀၀ ဝန်းကျင်ရှိသော မြို့သစ်ဘက်မှ ပေ (၄၀x၆၀) မြေကွက်များမှာ ယခုအခါ သိန်း ၁၆,၀၀၀ ခန့်အထိ ဖြစ်လာပြီး လားရှိုးနှင့် မိုးကုတ်ဘက်မှ ဆင်းလာသည့် တိုင်းရင်းသားများနှင့် တရုတ်လူမျိုးများ၏ ဝယ်လိုအားကြောင့် ဈေးနှုန်းများ တည်ငြိမ်မှုမရှိဘဲ ခုန်တက်နေခြင်းဖြစ်သည်။ လက်ရှိတွင် မန္တလေးမြို့၌ ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ပတ်နေသော်လည်း တိုက်ခန်းဈေးနှုန်းများမှာမူ မြေဈေးကဲ့သို့ သိသိသာသာ တက်ခြင်းမရှိဘဲ ငြိမ်သက်နေကြောင်း၊ အချို့သူများမှာ မြို့တွင်းမြေကွက်များကို တက်ဈေးဖြင့်ရောင်းချကာ ပုသိမ်ကြီးနှင့် အမရပူရဘက်ရှိ ဈေးသက်သာသော ယာမြေများကို ပြောင်းလဲဝယ်ယူ ဆောက်လုပ်နေကြကြောင်း သိရှိရပါသည်။
Jan 23 • 7:32 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 19 | 0 | 0 | 0 |


