back

အမေရိကန်ဒေါ်လာ ၁.၅၄၃ သန်း ဗဟိုဘဏ် ရောင်းပေး

Jan 23 • 7:26 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အမေရိကန်ဒေါ်လာ ၁.၅၄၃ သန်း ဗဟိုဘဏ် ရောင်းပေး

CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁.၀၉၁ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီလ ၂၂ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေ...

CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁.၀၉၁ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီလ ၂၂ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ပါတယ်။

ဒါ့အပြင် စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေ ကုမ္ပဏီတွေကိုလည်း အမေရိကန်ဒေါ်လာ ၄၅၂,၀၆၂ ရောင်းချပေးခဲ့ပါတယ်။FX Trading မှာ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စားသုံးကုန်စည်၊ ကတ္တရာ တင်သွင်းတဲ့ Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ပါတယ်။

news-view-count-icon

24