back

လာနီညာဖြစ်စဉ်ကြောင့် ဇန်နဝါရီလကုန်အထိ အအေးပိုပြီး အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုး/ဇလ သတိပေး

Jan 23 • 7:25 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

လာနီညာဖြစ်စဉ်ကြောင့် ဇန်နဝါရီလကုန်အထိ အအေးပိုပြီး အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုး/ဇလ သတိပေး

မြန်မာနိုင်ငံတွင် အားအနည်းငယ်ရှိသော လာနီညာ (La Niña) ဖြစ်စဉ် ဆက်လက်တည်ရှိနေခြင်းကြောင့် ယခုဇန်နဝါရီလကုန်အထိ ညအပူချိန်များ သိသိသာသာလျော့နည်းကာ အအေးပိုခြင်းနှင့်အ...

မြန်မာနိုင်ငံတွင် အားအနည်းငယ်ရှိသော လာနီညာ (La Niña) ဖြစ်စဉ် ဆက်လက်တည်ရှိနေခြင်းကြောင့် ယခုဇန်နဝါရီလကုန်အထိ ညအပူချိန်များ သိသိသာသာလျော့နည်းကာ အအေးပိုခြင်းနှင့်အတူ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်သည်။ အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်ပြောင်းလဲမှုနှင့် အရှေ့ဘက်မှ တိုက်ခတ်လာသော လေပွေလှိုင်းများကြောင့် နေရာကွက်ကျား မိုးရွာနိုင်သည့်အပြင်၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့ရှိ လေဖိအားနည်းရပ်ဝန်းများကြောင့် ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးတွင် အအေးဒဏ်ကို ပိုမိုခံစားနေရခြင်းဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုင်းတာချက်များအရ ဟားခါးမြို့တွင် ၁ ဒီဂရီဆဲလ်စီးယပ်အထိ အပူချိန်ကျဆင်းခဲ့သလို ဟဲဟိုး၊ နမ့်စန်နှင့် လွိုင်လင်မြို့တို့တွင်လည်း ၃ ဒီဂရီမှ ၄ ဒီဂရီဝန်းကျင်သာ ရှိခဲ့ရာ၊ ပြည်သူများအနေဖြင့် ရုတ်တရက် အေးလာသည့် ရာသီဥတုကြောင့် ဖြစ်ပွားတတ်သော ကျန်းမာရေးပြဿနာများနှင့် မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုဘေးအန္တရာယ်များကို အထူးသတိပြု ကြိုတင်ကာကွယ်ကြရန် နှိုးဆော်ထားကြောင်း သိရှိရပါသည်။

news-view-count-icon

29