back

ပါကစ္စတန်ရှိ ဈေးဝယ်စင်တာ မီးလောင်မှုကြောင့် သေဆုံးသူ ၆၀ ဦးအထိ ရှိလာပြီး တရုတ်နိုင်ငံမှ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

Jan 23 • 7:20 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ပါကစ္စတန်ရှိ ဈေးဝယ်စင်တာ မီးလောင်မှုကြောင့် သေဆုံးသူ ၆၀ ဦးအထိ ရှိလာပြီး တရုတ်နိုင်ငံမှ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ရှိ အထပ်မြင့်ဈေးဝယ်စင်တာတစ်ခုတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် သေဆုံးသူဦးရေမှာ ၆၀ ဦးအထိ မြင့်တက်လာခဲ့ပြီးနောက် တရုတ်နိုင်ငံက ထ...

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ရှိ အထပ်မြင့်ဈေးဝယ်စင်တာတစ်ခုတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် သေဆုံးသူဦးရေမှာ ၆၀ ဦးအထိ မြင့်တက်လာခဲ့ပြီးနောက် တရုတ်နိုင်ငံက ထိခိုက်သေဆုံးသူများအတွက် လွန်စွာဝမ်းနည်းရပါကြောင်း ဇန်နဝါရီ ၂၂ ရက်တွင် တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက သတင်းစာရှင်းလင်းပွဲတွင် သေဆုံးသူများ၏ မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းပါကြောင်းနှင့် ဒဏ်ရာရရှိသူများ အမြန်ဆုံးပြန်လည်သက်သာလာစေရန် ဆုတောင်းမေတ္တာပို့သကြောင်း ပြောကြားခဲ့သည်။ အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် ဈေးဝယ်စင်တာအတွင်းရှိ ဆိုင်တစ်ဆိုင်တည်းမှပင် ရုပ်အလောင်း ၃၀ ကျော်ကို ထပ်မံရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

7