back

ဒေါ်လာ ၃၃ သန်း လိမ်ခဲ့သည့် တောင်ကိုရီးယား ကျားဖြန့်သံသယ တရားခံ ၇၃ ဦး ကမ္ဘောဒီးယား ပြန်ပို့မည်

Jan 23 • 7:19 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ဒေါ်လာ ၃၃ သန်း လိမ်ခဲ့သည့် တောင်ကိုရီးယား ကျားဖြန့်သံသယ တရားခံ ၇၃ ဦး ကမ္ဘောဒီးယား ပြန်ပို့မည်

ကမ္ဘောဒီးယားနိုင်ငံအတွင်း အခြေစိုက်ကာ ဝမ် ၄၈ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၃၃ သန်းခန့်) လိမ်လည်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား ကျားဖြန့် (Online Scam) သံသယတရားခံ ၇၃ ဦးက...

ကမ္ဘောဒီးယားနိုင်ငံအတွင်း အခြေစိုက်ကာ ဝမ် ၄၈ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၃၃ သန်းခန့်) လိမ်လည်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား ကျားဖြန့် (Online Scam) သံသယတရားခံ ၇၃ ဦးကို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် ယခုတစ်ပတ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဖမ်းဆီးမှုသည် ပြီးခဲ့သည့်နွေရာသီက တောင်ကိုရီးယားကျောင်းသားတစ်ဦး ကျားဖြန့်လုပ်ငန်းအတွင်း နှိပ်စက်ခံရ၍ သေဆုံးခဲ့မှုကြောင့် နှစ်နိုင်ငံရဲတပ်ဖွဲ့များ ပူးပေါင်းနှိမ်နင်းရာမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ ကမ္ဘောဒီးယားအစိုးရသည် ယမန်နှစ်အောက်တိုဘာလမှစတင်ကာ တောင်ကိုရီးယားသံသယတရားခံ ၁၃၀ ဝန်းကျင်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။ ကုလသမဂ္ဂ (UNODC) ၏ ထုတ်ပြန်ချက်အရ အရှေ့တောင်အာရှရှိ ကျားဖြန့်လုပ်ငန်းများသည် တစ်နှစ်လျှင် ဒေါ်လာ ၁၈ ဘီလီယံမှ ၃၇ ဘီလီယံအထိ လိမ်လည်မှုများရှိနေပြီး၊ ကမ္ဘောဒီးယားနိုင်ငံသည် ယခုလအတွင်း တရုတ်ကျားဖြန့်ခေါင်းဆောင်တစ်ဦးကိုလည်း ဖမ်းဆီးကာ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

5