၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျင်းပခဲ့သော JLPT စာမေးပွဲ၏ Online Result များအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ ၃၀ ရက်နေ့ (သောကြာနေ့) မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီ မှ စတင်၍ ၂၀၂၆ ခုနှစ် မတ်လ၊ ၃၁ရက်နေ့ (အင်္ဂါနေ့) မြန်မာစံတော်ချိန် နေ့လည်၂:၃၀ နာရီ အထိ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Certificateများရောက်ရှိပါက ထုတ်ယူနိုင်ရန် ထပ်မံကြေငြာပေးပါမည်။Result ကြည့်ရှုရမည့် link - https://www.jlpt-overseas.jp/onlineresults/ဖြစ်ကာ
(ဖော်ပြပါလင့်မှတဆင့် > other countries သို့ဝင်ရောက်၍ > Test Result ကိုနှိပ်ကာ > မိမိ ခုံနံပါတ် နှင့် Passcode 8 လုံး ရိုက်ထည့်ကြည့်ရှုရပါမည်။)Passcode 8 လုံး မပြည့်သူများ၊ လုံး၀ မဖြည့်သွင်းခဲ့သူများ၊ သတ်မှတ်ထားသည့် ဂဏန်းများမဟုတ်ပဲ Alphabet များပါ၀င်နေသည့် Passcode များ ဖြစ်ပါက Online Result ကြည့်ရှုနိုင်မည် မဟုတ်ပါ။
Passcode မေ့လျော့သော စာဖြေသူများအနေဖြင့်
https://drive.google.com/file/d/18I73H_HLJvjdA1FTyKQdllW1JeiubLUT/view?usp=sharingအောက်ပါLinkသို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်ဟုထုတ်ပြန်ထားပါတယ်။




