မန္တလေးတိုင်း၊မင်းကွန်းဒေသနှင့် မတ္တရာမြို့နယ်အနောက်ဖက်ခြမ်းမှ တောင်သူများအနေဖြင့်ဧရာဝတီမြစ်အတွင်းရှိမြေနုကျွန်းများပေါ်တွင် သီးနှံစိုက်ပျိုးမှုများလုပ်ဆောင်နိုင်သည့် အခြေအနေမရှိခြင်းကြောင့် ခက်ခဲမှုများရှိလာကြောင်း ဒေသခံများထံမှ သိရသည်။အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း မြေနုကျွန်းများပျက်စီးမှုနှင့် လတ်တလောနယ်မြေအခြေအနေ မတည်ငြိမ်မှုကြောင့် သီးနှံများစိုက်ပျိုးနိုင်မှုမရှိကြခြင်းဖြစ်သည်။ဧရာဝတီမြစ်အတွင်းရှိ ဧကပေါင်းရာနှင့်ချီသော နုန်းတင်မြေနုကျွန်းများတွင် ယခင်က မိရိုးဖလာတောင်သူလုပ်ငန်းများကို ကျေးရွာများအလိုက်ခွဲဝေလုပ်ကိုင်ကြပြီး လတ်တလောအခြေအနေအရ စိုက်ပျိုးမှုလုပ်ငန်းများရပ်ဆိုင်းနေရခြင်းဖြစ်သည်။အဆိုပါကျွန်းများကို မင်းကွန်းဒေသတစ်လျောက်ရှိကျေးရွာပေါင်း ၁၀ ရွာ၊ မတ္တရာမြို့နယ်အနောက်ဖက်ခြမ်းမှ ကျေးရွာပေါင်း ၁၅ ရွာထက်မနည်းက တောင်သူများမှာ အမှီပြုနေရခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း၊မင်းကွန်းဒေသနှင့် မတ္တရာမြို့နယ်အနောက်ဖက်ခြမ်းတွင် ဧရာဝတီမြစ် မြေနုကျွန်းများပေါ် သီးနှံမစိုက်နိုင်၍ ဒေသခံများအခက်တွေ့လာ
Jan 23 • 5:48 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 48 | 0 | 0 | 0 |


