(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲ အောင်စာရင်း၌ (၁၈) ပါးမြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ဆရာတော် ပေါ်ထွန်းခဲ့တယ်လို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သိရသည်။တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေးအဖွဲ့ရဲ့ နှစ်ဖွဲပေါင်း အစည်းအဝေးဆုံးဖြတ်ချက်အရ အောင်စာရင်းများကို ဇန်နဝါရီ (၂၂) ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။အဆိုပါ စာမေးပွဲရလဒ်များတွင် (၁၈) ပါးမြောက် တိပိဋက ဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် ဆရာတော် အဖြစ်ပေါ်ထွန်းခဲ့သူသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ် (အရှေ့ပိုင်း) မြို့နယ်၊ တိပိဋက မဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်က အရှင် ဝိစိတ္တသာရ သက်တော် (၅၁) နှစ်၊ သိက္ခာတော် (၃၁) ဝါ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ် (အရှေ့ပိုင်း) မြို့နယ်မှ(၁၈) ပါးမြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ဆရာတော် ပေါ်ထွန်း
Jan 23 • 5:46 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 32 | 0 | 0 | 0 |


