ထိုင်းနိုင်ငံ ၊ ချင်းရိုင်မြို့ရှိ နာမည်ကျော် ဘုရားဖြူ ဝပ်ရုန်းခွန် (Wat Rong Khun) ဘုရားကျောင်းရှေ့တွင်ထိုင်းနှင့် တရုတ်ခရီးသွားများသည် လူတိုးမိရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြကြောင်း ထိုင်းသတင်းကယနေ့ဖော်ပြသည်။ ၎င်းဖြစ်စဉ်သည် အရှေ့ကလူက ဓာတ်ပုံရိုက်ရန် ရပ်နေပြီး ရှေ့ဆက်မသွားသောကြောင့် နောက်ကလူက မကျေမနပ်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်ထိုင်းခရီးသွားနှင့် တရုတ်ခရီးသွားတို့ လူချင်းပွတ်တိုက်မိရာမှ အပြန်အလှန် ထိုးနှက်ခဲ့ကြကြောင်း သိရသည်။ နောက်ဆုံးတွင် ရဲစခန်း၌ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဖြေရှင်းခဲ့ကြပြီး အပြန်အလှန် တောင်းပန်ခဲ့ကြကြောင်း သိရသည်။
Jan 22 • 5:09 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


