နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များဆွေးနွေးခဲ့ပါတယ်။မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် နဝမ အကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းဝေးကို ယမန်နေ့က နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား နားလည်မှုစာချွှန်လွှာအရ ကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီအစည်းဝေးကို ၂၀၀၃ ခုနှစ်ကစတင်ပြီး အလှည့်ကျကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



