တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) အား ကောင်းမွန်စွာ စတင်နိုင်ရေးအတွက် တညီတညွတ်တည်း ကြိုးပမ်းအားထုတ်ကြရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇန်နဝါရီ ၂၀ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
ပြည်နယ်အဆင့်နှင့် ဝန်ကြီးအဆင့် အဆင့်မြင့် အရာရှိကြီးများအတွက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ ပါတီသင်တန်းကျောင်း (အမျိုးသားစီမံခန့်ခွဲရေး အကယ်ဒမီ) တွင် ကျင်းပသည့် လေ့လာဆန်းစစ်မှု အစည်းအဝေးအဖွင့်၌ CPC ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်သူ ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုအခင်းအကျင်းသစ်ကို အရှိန်အဟုန်မြှင့်တင်တည်ဆောက်ရန် အခြေအနေကောင်းများ ရှိနေကြောင်း၊ ပြည်တွင်းစီးပွားရေးမှာ အဓိကမဏ္ဍိုင်အဖြစ် ရှိနေသင့်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သော ပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံခြင်းကိုလည်း လူ့ စွမ်းအားအရင်းအမြစ်များတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် နီးနီးကပ်ကပ် ပေါင်းစပ်ချိန်ညှိသင့်ကြောင်း ရှီက ပြောသည်။


