back

မိမိအတွက် အိပ်မက်ညတစ်ည ဖြစ်ခဲ့ကြောင်း အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူး ပြောကြား

Jan 22 • 4:06 AM

breaking-news

မြန်မာ

ပြည်ပ

cover

မိမိအတွက် အိပ်မက်ညတစ်ည ဖြစ်ခဲ့ကြောင်း အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူး ပြောကြား

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ဂျေးဇူးက အင်တာမီလန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ညက မိမိအတွက် အိပ်မက်ညတစ်ည ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးဟ...

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ဂျေးဇူးက အင်တာမီလန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ညက မိမိအတွက် အိပ်မက်ညတစ်ည ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးဟာ ၂၀၂၅ ဇန်နဝါရီမှာ ဒဏ်ရာရရှိခဲ့တာကြောင့် တစ်နှစ်နီးပါး အနားယူခဲ့ရပြီး ဒီဇင်ဘာလမှာမှ ပြန်ကစားနိုင်ခဲ့တာပါ။ဒါကြောင့် ဒီရာသီမှာ ပြိုင်ပွဲစုံ(၉)ပွဲသာ ကစားခွင့်ရထားသလို၊ ပွဲထွက်ကစားခွင့်ရတာလည်း (၃)ပွဲသာ ရှိပါသေးတယ်။အင်တာမီလန်နဲ့ပွဲက တတိယမြောက်ပွဲထွက်ကစားခွင့်ရတဲ့ပွဲဖြစ်ပြီး နှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဂျေးဇူးက အိပ်မက်ညဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

news-view-count-icon

22