မြန်မာနိုင်ငံမှာ SEAGAMES(၂၀)ကြိမ်မြောက်အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံခိုင်မှုအားကစားပြိုင်ပွဲကို မေလအတွင်း ကျင်းပ သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံခိုင်မှုအားကစားအဖွဲ့ချုပ်မှသိရပါတယ်။(၂၀)ကြိမ်မြောက်အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံခိုင်မှုအားကစားပြိုင်ပွဲပဏာမမြန်မာ့လက်ရွေးစင်ရွေးချယ်ရေးပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့်အားကစားသမားများအတွက်စည်းကမ်းသတ်မှတ်ချက်အသက်၂၁ နှစ်အောက်ကာယဗလမောင်နှင့်သက်ကြီးတန်းကာယဗလမောင်ပြိုင်ပွဲဝင်များမှအပ 55kg မှ80kg အထက်ထိကီလိုတန်းအသီးသီးမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေဟာ မိမိတို့ပါဝင်ယှဥ်ပြိုင်မယ့်ကီလိုတန်းခေါင်းစဥ်အလိုက်ကိုယ်အလေးချိန်ရှိနေရမယ်လို့ဆိုပါတယ်။ပဏာမလက်ရွေးစင်ရွေးချယ်ရေးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေအနေနဲ့ နေထိုင်တည်းခိုဖို့စီစဉ်ပေးထားမှာဖြစ်ပြီး စာရင်းပေးသွင်းတာကို ဇန်နဝါရီလ(၂၇)ရက်နောက်ဆုံးထားပေးသွင်းရမှာဖြစ်ပြီးဖေဖော်ဝါရီလအတွင်း မြန်မာကိုယ်စားပြုလက်ရွေးစင်တွေကို ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Jan 22 • 4:01 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


