back

ထိုင်းနိုင်ငံကို အားပြင်း နေမုန်တိုင်း ဝင်ရောက်၊ ဂြိုဟ်တုနဲ့ GPS စနစ်တွေ ထိခိုက်နိုင်

Jan 22 • 2:56 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံကို အားပြင်း နေမုန်တိုင်း ဝင်ရောက်၊ ဂြိုဟ်တုနဲ့ GPS စနစ်တွေ ထိခိုက်နိုင်

ဇန်နဝါရီလ ၁၉ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ နေစွမ်းအင် လှုပ်ရှားမှုကြောင့် ထိုင်းနိုင်ငံကို အားပြင်းတဲ့ နေမုန်တိုင်း ဝင်ရောက်လျက်ရှိပြီး၊ ဂြိုဟ်တုတွေ၊ GPS စနစ်နဲ့ လေကြေ...

ဇန်နဝါရီလ ၁၉ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ နေစွမ်းအင် လှုပ်ရှားမှုကြောင့် ထိုင်းနိုင်ငံကို အားပြင်းတဲ့ နေမုန်တိုင်း ဝင်ရောက်လျက်ရှိပြီး၊ ဂြိုဟ်တုတွေ၊ GPS စနစ်နဲ့ လေကြောင်း ဆက်သွယ်ရေးတွေမှာ အနှောင့်အယှက် ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။ဇန်နဝါရီလ ၁၉ ရက်နေ့ မနက် ၁ နာရီ ၉ မိနစ်မှာ နေမျက်နှာပြင်ကနေ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ပလာစမာနဲ့ သံလိုက်စက်ကွင်းတွေ ကမ္ဘာမြေဘက်ကို လွင့်စင်လာခဲ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘူမိသတင်းအချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (Gistda) က ဒီနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအခြေအနေကို သိပ္ပံပညာရှင်တွေက G4 အဆင့်ရှိတဲ့ နေမုန်တိုင်းအဖြစ် သတ်မှတ်ထားပါတယ်။

news-view-count-icon

14