ရခိုင်ပြည်မှာ ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်တဲ့အခါ ကုန်ချောထုတ်လုပ်ဖို့လိုအပ်တဲ့ ကုန်ကြမ်းထည်တွေရရှိရေး ခက်ခဲနေပေမဲ့ ရိုးရာရက္ကန်းလုပ်ငန်း မပျောက်ပျက်ရလေအောင် ကြိုးစားရက်လုပ်နေသူတွေရှိနေတယ်လို့ သိရပါတယ်။ရခိုင်ပြည်နဲ့ ပြည်မဘက်သို့ဆက်သွယ်တဲ့ ကုန်းလမ်း၊ ရေလမ်းတို့ကို ဖြတ်တောက်ထားတဲ့အတွက် ရခိုင်ပြည်အတွင်း ရိုးရာရက္ကန်းလုပ်ကိုင်သူတွေမှာလည်း ကုန်ကြမ်းရရှိရေး ခက်ခဲနေကြတာပါ။"ဟိုးတုန်းကဆို လိုအပ်တဲ့ကုန်ကြမ်းတွေကို ပင်ရင်းဆိုင်ကနေ လိုအပ်ရင် လိုအပ်သလို စိတ်ကြိုက်ယူလို့ရတယ်။ ပစ္စည်းပြတ်နေတဲ့အချိန်တွေမှာဆို အခက်အခဲတွေရှိခဲ့တယ်"လို့ ပြောပါတယ်။ရက္ကန်းရက်လုပ်သူတွေမှာ အဓိက လိုအပ်နေတဲ့ကုန်ကြမ်းတွေကတော့ ချည်၊ ပိုးအကျိတ်၊ ပွဲတက်အဆင်တွေအတွက် ထိုင်းချည်နဲ့ ပိုးသီးကြီးတို့ဖြစ်တယ်လို့ ဆိုပါတယ်။



