back

မြန်မာ့ပြောင်းများ ဖေဖော်ဝါရီလမှစ၍ ထိုင်းနိုင်ငံသို့ ပြန်လည်တင်ပို့နိုင်တော့မည်ဖြစ်၍ စျေးကွက်အနည်းငယ် လှုပ်ခက်လာ

Jan 22 • 2:51 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့ပြောင်းများ ဖေဖော်ဝါရီလမှစ၍ ထိုင်းနိုင်ငံသို့ ပြန်လည်တင်ပို့နိုင်တော့မည်ဖြစ်၍ စျေးကွက်အနည်းငယ် လှုပ်ခက်လာ

မြန်မာ့ ပြောင်းများကို ဖေဖော်ဝါရီလမှ စ၍ ထိုင်းနိုင်ငံသို့ ပြန်လည် တင်ပို့တော့မည် ဖြစ်တဲ့အတွက် စျေးကွက်အတွင်း အနည်းငယ် လှုပ်ခက်လာကြောင်း ပြောင်းကုန်သည်များ နှင်...

မြန်မာ့ ပြောင်းများကို ဖေဖော်ဝါရီလမှ စ၍ ထိုင်းနိုင်ငံသို့ ပြန်လည် တင်ပို့တော့မည် ဖြစ်တဲ့အတွက် စျေးကွက်အတွင်း အနည်းငယ် လှုပ်ခက်လာကြောင်း ပြောင်းကုန်သည်များ နှင့် လုပ်ငန်းရှင်များ ထံမှ သိရပါသည်။ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ပြောင်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် ဖေဖော်ဝါရီ ၁ ရက် နေ့မှ ဩဂုတ် လ ၃၁ အထိ ၇ လ သာ တင် ပို့ခွင့်ပြုထားသောကြောင့် မြန်မာနိုင်ငံမှ exporter များ အနေဖြင့် စက်တင်ဘာလမှ ဇန်နဝါရီလကုန်အထိ တင်ပို့ မှုကို ရပ်နား ခဲ့ ကြပါတယ်။ထို့ကြောင့် မကြာမှီ ပြန်လည် တင်ပို့ခွင့်ရရန် ဆယ်ရက် ခန့် သာ လိုတော့ သောကြောင့် ပြောင်းစျေးကွက် များ ပြန်လည် လှုပ်ခက်လာကြောင်း သိရပါသည်။ထိုင်းနိုင်ငံသို့ တင်ပို့ မှု ရပ်နားထားသည့် ကာလတွင် တရုတ်နိုင်ငံသို့ တင်ပို့ နေကြ ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံ သို့ ပြန်လည်တင်ပို့နိုင်ပါက ကုန်သည်တချို့မှာ တရုတ်နိုင်ငံ သို့ တင်ပိုမှု ရပ်နားကြမည် ဖြစ် ကြောင်း လည်း သိရပါသည်။

news-view-count-icon

24