back

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့ပေါ်မှာ အခုလအတွင်း စိတ်မနှံ့တဲ့အမျိုးသမီးတစ်ယောက်အပါအဝင် ဒေသခံသုံးယောက်အသတ်ခံရ

Jan 22 • 2:49 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့ပေါ်မှာ အခုလအတွင်း စိတ်မနှံ့တဲ့အမျိုးသမီးတစ်ယောက်အပါအဝင် ဒေသခံသုံးယောက်အသတ်ခံရ

ရခိုင်ပြည်အတွင်း ကျောက်ဖြူမြို့ပေါ်မှာ အခု ဇန်နဝါရီလအတွင်း စိတ်မနှံ့တဲ့အမျိုးသမီးတစ်ယောက်အပါအဝင် ဒေသခံသုံးယောက်အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။အသတ်ခံလိုက်ရသူတွေကတ...

ရခိုင်ပြည်အတွင်း ကျောက်ဖြူမြို့ပေါ်မှာ အခု ဇန်နဝါရီလအတွင်း စိတ်မနှံ့တဲ့အမျိုးသမီးတစ်ယောက်အပါအဝင် ဒေသခံသုံးယောက်အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။အသတ်ခံလိုက်ရသူတွေကတော့ အသက် (၅၀)ကျော် စိတ်မနှံ့တဲ့ အမျိုးသမီးတစ်ယောက်၊ အသက် (၂၀)ကျော်အရွယ်လူငယ်တစ်ယောက်နဲ့ ဆားပြင်ကွင်းရပ်ကွက်က အသက် ၆၀ အရွယ် သက်ကြီးပိုင်းအမျိုးသားတစ်ယောက်တို့ဖြစ်ကြပါတယ်။အသတ်ခံထားရတဲ့ အသက် (၅၀)ကျော် စိတ်မနှံ့တဲ့အမျိုးသမီးရဲ့ရုပ်အလောင်းကို ဇန်နဝါရီပထမအပတ်က ကျောက်ဖြူမြို့ပေါ်ရဲစခန်းသွားလမ်းမှာ တွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။အလားတူ အသက် (၂၀)ကျော်အရွယ်လူငယ်ကို မနေ့က ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဂေါက်ကွင်းနားမှာတွေ့ရှိခဲ့ပြီး ကျောက်ဖြူမြို့၊ ဆားပြင်ကွင်းရပ်ကွက်က အသက် ၆၀ အရွယ် သက်ကြီးပိုင်းအမျိုးသားရဲ့ရုပ်အလောင်းကိုလည်း ကျောက်ဖြူသင်္ချိုင်းအနီးအနားမှာ တွေ့ရှိခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။သူတို့သုံးယောက်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဓားထိုးဒဏ်ရာတွေပါရှိတယ်လို့လည်း မြို့ခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။“လူသတ်မှုတွေက များလာတယ်။ အသက်ကြီးငယ်ကျားမ မရွေးဘူး။ ဒီလအတွင်းမှာ သုံးလောင်းရှိပြီအသတ်ခံရတဲ့အလောင်းတွေ့တာ"လို့ ပြောပါတယ်။

news-view-count-icon

17