back

ဆင်ပေါင်ဝဲမြို့နယ်အထက(ကိုးပင်)၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပ

Jan 22 • 2:48 AM

breaking-news

မြန်မာ

မကွေး

cover

ဆင်ပေါင်ဝဲမြို့နယ်အထက(ကိုးပင်)၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီ...

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဆင်ပေါင်ဝဲမြို့နယ်၊ အထက(ကိုးပင်) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ်၊ အထက(ကိုးပင်)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများက အလှဆုံးပန်းများပွင့်ကြပြီတေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့သည်။ထို့နောက် အခြေခံပညာမူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲများတွင်ဆုရရှိသူများ၊အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်းတွင်ပါဝင်ဆွေးနွေးကြသည့်ကျောင်းသား၊ ကျောင်းသူ ၄ ဦးနှင့် ဖျော်ဖြေပေးကြသော ကျောင်းသား၊ကျောင်းသူများအားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်းသိန်းနှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် မှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကာအ-ထ-က(ကိုးပင်)မှကျောင်းသား၊ကျောင်းသူများက ပညာဘဏ်တိုက် စာကြည့်တိုက် သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

news-view-count-icon

18