ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းကို ၂၀၂၅ခုနှစ် ဇန်နဝါရီ၃၀ရက်ကနေ ၂၀၂၆ခုနှစ် ဇန်နဝါရီ၂၀ရက်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား ၁၄၁၅၁ဦးကိုထိန်းသိမ်းနိုင်ခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။ထိုအထဲကမှ ၁၂,၆၅၃ဦးကို ထိုင်းနိုင်ငံကနေတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိတဲ့ပြည်ပနိုင်ငံသား ၁,၄၉၈ဦးကို သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေတဲ့ နိုင်ငံခြားသားတွေနဲ့ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေကို အမြန်ဆုံးပြည်နှင်လွှဲပြောင်းနိုင်ရေး ထိရောက်စွာညှိနှိုင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊မြဝတီမြို့အတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၄,၀၀၀ကျော်ကို ထိန်းသိမ်းခဲ့
Jan 22 • 2:08 AM
မြန်မာ
ကရင်
မျှဝေမည်
| 39 | 0 | 0 | 0 |


