ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းမှ မုဒိန်းမှုကျူးလွန်သူကို ဖမ်းဆီးထားပြီး ကျောင်းကိုလည်း ပုဂ္ဂလိကပညာရေးဥပဒေ၊ နည်းဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။လက်ရှိကျောင်းကိုချိတ်ပိတ်ခြင်းမရှိဘဲ ကျောင်းသူအဆောင်ကိုသာချိတ်ပိတ်ထားကြောင်းစုံစမ်းသိရှိရသည်။တောင်ကြီးမြို့ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းသည် ကျန်းမာရေးရုံးလမ်း၊ သစ်တောရပ်ကွက်တွင် တည်ရှိပြီး ၊ ကျောင်းသား ကျောင်းသူပေါင်း ၄၀၀ ကျော် တက်ရောက် သင်ကြားနေပြီး ထိုကိစ္စဖြစ်ပြီးနောက်ပိုင်း ဇန်နဝါရီလ ၂၀ ရက်တွင် ရုတ်တရက် ကျောင်းပြောင်းလိုသူ ကျောင်းသား ကျောင်းသူ များကို လက်ခံပေးသွားမည် ဖြစ် ကြောင်း တောင်ကြီးမြို့ ရှိ ကိုယ်ပိုင်ကျောင်း အသီးသီး တို့မှ ထုတ်ပြန်အသိပေး ကြေညာခဲ့သည်။



