back

မြန်မာနိုင်ငံတွင် ရွက်ဖျန်းဆေးရည် စက်ရုံထူထောင်ပြီး ထုတ်လုပ်ဖြန်ဖြူးဖို့ ရုရှားကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေး

Jan 22 • 1:18 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံတွင် ရွက်ဖျန်းဆေးရည် စက်ရုံထူထောင်ပြီး ထုတ်လုပ်ဖြန်ဖြူးဖို့ ရုရှားကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေး

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထိထိရောက်ရောက် အထောက်အကူ ဖြစ်စေရန် ရွက်ဖျန်းဆေးရည် ထုတ်လုပ်သည့် စက်ရုံထူထောင်ပြီး ပြည်တွင်း၌ ထုတ်လုပ...

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထိထိရောက်ရောက် အထောက်အကူ ဖြစ်စေရန် ရွက်ဖျန်းဆေးရည် ထုတ်လုပ်သည့် စက်ရုံထူထောင်ပြီး ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးနှင့် ပြည်ပသို့ တင်ပို့နိုင်မှု အခွင့်အလမ်းများကို စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ရုရှားနိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ်နှင့် OSNONA ကုမ္ပဏီမှ Founder & CEO ဖြစ်သူ Mr. Mark Zalutskii တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ နေပြည်တော်၌ တွေ့ဆုံကာ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရပါတယ်။မြန်မာ့စိုက်ပျိုးရေးကဏ္ဍတွင် ရုရှားပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေးစဉ် ပဲပုပ်၊ နှမ်း၊ စပါး သီးနှံများ၌ ရင့်မှည့်ချိန်မတိုင်မီနှင့် ရိတ်သိမ်းချိန်၌ အသီးများကွဲထွက်ခြင်း၊ အသီးများကြွေခြင်း စသည်တို့ကြောင့် သီးနှံအလေအလွင့်ဖြစ်ပေါ်ဆုံးရှုံးခြင်းတို့ကို ကျော်လွှားနိုင်သည့် ရွက်ဖျန်းဆေးရည် Yantol(ရန်တိုးလ်) ထုတ်ကုန်များကို ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် သုတေသနအစီအစဉ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် သုတေသနရလဒ်များ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို OSNONA ကုမ္ပဏီမှ Founder & CEO က ရှင်းလင်းတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ထိုတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ၊ ရန်တိုးလ် ရွက်ဖျန်းဆေးရည်များ မြန်မာနိုင်ငံသို့ တင်သွင်းခြင်း၊ ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများကို တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး ပံ့ပိုးပေးသွားမည့် အစီအမံများကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

news-view-count-icon

19