ချန်ပီယံဆုအတွက် ဧရာဝတီ နဲ့ ISPE အသင်းတို့ အကြိတ်အနယ် ယှဥ်ပြိုင်နေတဲ့ မြန်မာအမျိုးသမီးလိဂ် နောက်ဆုံးပွဲစဥ် ကို အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း ဧရာဝတီအမျိုးသမီးအသင်းရဲ့ လက်ကျန် ပွဲစဉ်ဇယား ထုတ်ပြန်ချက်အရ သိရပါတယ်။ မူလပွဲစဥ်ဇယားအရ ဇန်နဝါရီ ၂၆ရက်မှာ တွေ့ဆုံရမယ့် ဧရာဝတီ - ISPE ပွဲကို ဇန်နဝါရီ ၃၁ရက်ကို ပြောင်းခဲ့ပြီး ဆုပေးပွဲကျင်းပဖို့အတွက် ကွင်းကိုလည်း သုဝဏ္ဏကွင်းကို ပြောင်းခဲ့ပါတယ်။ပြောင်းရွှေ့လိုက်တဲ့ ပွဲစဥ်ဇယားအရ ဇန်နဝါရီ ၂၆ရက်မှာ ISPE - ရန်ကုန်ယူနိုက်တက်၊ ဇန်နဝါရီ ၂၇ရက်မှာ ဧရာဝတီ - ရှမ်းယူနိုက်တက် တို့ ကစားရမှာလည်းဖြစ်ပါတယ်။



