back

ဧရာဝတီတိုင်း၊ ငွေဆောင်ကမ်းခြေ၌ ငါးပူတင်းစားမိသဖြင့် သားအဖနှစ်ဦးသေဆုံး

Jan 21 • 4:37 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်း၊ ငွေဆောင်ကမ်းခြေ၌ ငါးပူတင်းစားမိသဖြင့် သားအဖနှစ်ဦးသေဆုံး

ဧရာဝတီတိုင်း၊ ငွေဆောင်ကမ်းခြေ၌ ယမန်နေ့(ဇန်နဝါရီ ၂၀ ရက်) ညပိုင်းတွင် အဆိပ်ရှိငါးပူတင်းချက်စားမိပြီး သားအဖနှစ်ဦးသေဆုံးကြောင်း ဒေသခံများထံမှသိရသည်။ဖခင်ဖြစ်သူမှာ အသ...

ဧရာဝတီတိုင်း၊ ငွေဆောင်ကမ်းခြေ၌ ယမန်နေ့(ဇန်နဝါရီ ၂၀ ရက်) ညပိုင်းတွင် အဆိပ်ရှိငါးပူတင်းချက်စားမိပြီး သားအဖနှစ်ဦးသေဆုံးကြောင်း ဒေသခံများထံမှသိရသည်။ဖခင်ဖြစ်သူမှာ အသက်(၅၀) ဝန်းကျင်အရွယ်ရှိပြီး သားဖြစ်သူမှာ အသက်(၁၆) နှစ်အရွယ်ရှိပြီဖြစ် ကြောင်း၊ ဟင်းစားရှာရမှဖမ်းမိလာသည့် ငါးများထဲတွင်ငါးပူတင်းငါးများပါလာသည်ကို ချက်စားမိပြီး သေဆုံးခြင်းဖြစ်ကြောင်း ငွေဆောင်ကမ်းခြေမှဒေသခံတစ်ဦးကပြောသည်။ငါးပူတင်ငါးအမျိုးအစားမှာ ငါးပူတင်းဝါနှင့် ငါးပူတင်းဖြူဟူ၍နှစ်မျိုးရှိပြီး ၎င်းတို့အနက် အဖြူရောင် ငါးပူတင်းသည် ငါးပူတင်းဝါထက်ပိုမိုအဆိပ်ပြင်းသဖြင့် စားလေ့မရှိကြဘဲ ငါးပူတင်းဝါကိုသာ အူ၊ အသဲ၊ ကလီစာများထုတ်ပြီး ဟင်းချက်စားလေ့ရှိကြသည်။


news-view-count-icon

89