back

ချီဖွေမြို့အဝင်လမ်းမှာ အိမ်စီးကားတစီး မေခမြစ် ချောက်ကမ်းပါးထဲကျလို့ နှစ်ယောက်သေ

Jan 21 • 4:35 PM

breaking-news

မြန်မာ

ကချင်

cover

ချီဖွေမြို့အဝင်လမ်းမှာ အိမ်စီးကားတစီး မေခမြစ် ချောက်ကမ်းပါးထဲကျလို့ နှစ်ယောက်သေ

ကချင်ပြည်နယ်၊ ချီဖွေမြို့ အနီး မြို့အဝင် ကားလမ်းမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက် ၅ နာရီခွဲခန့်က အိမ်စီးကားတစီး မေခမြစ် ချောက်ကမ်းပါးဘက် ကျသွားလို့ လူ ထိခိုက်သေဆုံးမ...

ကချင်ပြည်နယ်၊ ချီဖွေမြို့ အနီး မြို့အဝင် ကားလမ်းမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက် ၅ နာရီခွဲခန့်က အိမ်စီးကားတစီး မေခမြစ် ချောက်ကမ်းပါးဘက် ကျသွားလို့ လူ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိပါတယ်။ Toyota Noah ကားအဖြူ ဖြစ်ပြီး ကားမောင်းသူ အမှုတော်ဆောင်ဆရာ နဲ့အတူ ကားပေါ်မှာ ၁၀ တန်း ကျောင်းသား နှစ်ယောက်ပါလာတာဖြစ်ပြီး ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက် ၅ နာရီခွဲဝန်းကျင်မှာ မေခမြစ်ကမ်းပါးဘက်ထဲ မှောက်ကျသွားတာလို့ သူက ပြောပါတယ်။ 


news-view-count-icon

18