back

အေးသာယာက ကလေးသူငယ်လိင်လုပ်ငန်းများ အရေးယူပေးရန်ဒေသခံ တောင်းဆို

Jan 21 • 11:55 AM

breaking-news

မြန်မာ

ရှမ်း

cover

အေးသာယာက ကလေးသူငယ်လိင်လုပ်ငန်းများ အရေးယူပေးရန်ဒေသခံ တောင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာ စက်မှုဇုန်သွားလမ်း မုံတ၀ရွာအနီးရှိ စားသောက်ဆိုင်များတွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များကို အသုံးပြုပြီး ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာ စက်မှုဇုန်သွားလမ်း မုံတ၀ရွာအနီးရှိ စားသောက်ဆိုင်များတွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များကို အသုံးပြုပြီး လိင်လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ ထိုလုပ်ငန်းများကို ရဲစခန်းနှင့် ပတ်သက်မှုရှိသူများက ကာကွယ်ပေးနေသည်ဟု သိရကြောင်း ရပ်ကွက်နေပြည်သူများက ဆိုသည်။ဒေသခံများ၏ ပြောကြားချက်အရ ထိုစားသောက် ဆိုင်များတွင် အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်များကို လိင်လုပ်ငန်းအတွက် ခိုင်းစေမှုများ ရှိနေသော်လည်း အရေးယူဆောင်ရွက်မှု မရှိသေးကြောင်း၊ ဆိုင်ပိုင်ရှင်များသည် ရဲဝန်ထမ်းအချို့နှင့် ဆက်စပ်မှုရှိသဖြင့် စစ်ဆေးမှု လာရောက်ချိန်တွင် ကြိုတင်သတင်းရရှိကာ လူများကို ရှင်းလင်းထားနိုင်ကြောင်း စုံစမ်းသိရှိရသည်။ထိုစားသောက်ဆိုင်အမည်ခံ လိင်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေရသော အမျိုးသမီးငယ်များအနက် အသက် ၁၄ နှစ်၊ ၁၅ နှစ်အရွယ်များလည်း ပါဝင်နေပြီး တစ်နာရီလျှင် ကျပ် ၁၅,၀၀၀ နှုန်းဖြင့် ဆောင်ရွက်ခိုင်းစေခံနေရကြောင်းသိရှိရသည်။ဒေသခံများက အေးသာယာမြို့အတွင်းရှိ စားသောက်ဆိုင်အမည်ခံ လိင်လုပ်ငန်းများကို သက်ဆိုင်ရာ အထက်အာဏာပိုင်များမှ တိကျစွာ အရေးယူပေးရန် တောင်းဆိုထားကြောင်း သိရသည်။


news-view-count-icon

14