အလုပ်သမားကတ် (Work Permit) ပြုလုပ်ပေးမည်ဟုဆိုကာ အခကြေးငွေရယူသည့် ပွဲစား အကျိုး ဆောင်များနှင့် ကုမ္ပဏီတချို့ကြောင့်မြန်မာအလုပ် သမား ၁၄၀၀ ကျော်က အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း TMIA (Thai Myanmar International Association) က ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။ထိုင်းရောက်နေသည့် အလုပ်သမားသစ်များအနေဖြင့် အလိမ်ခံရသူများလာကာ လုပ်ငန်းခွင်အတွင်းလည်း အလုပ်သမားရသင့် ရထိုက်သည့် ရပိုင်ခွင့်ကို ငွေသားများမပေးတော့ဘဲ ဘဏ်ချီဖြင့်ပေးလာကာ အလုပ်သမားများအနေဖြင့် ဘဏ်ကဒ်သစ်လုပ်မည့်သူအတွက်လည်း အခက်ခဲများလည်း ရင်ဆိုင်နေရပြီး ၄င်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာလုပ်သား၏ ဘဝနှင့် တိုက်ရိုက်သက်ဆိုင်သည့် လူမှုရေးပြဿနာကြီးဖြစ်ကြောင်း TMIA က သတ်မှတ်ပြီး နစ်နာသူဘက်က ရပ်တည်ကာ ဥပဒေကြောင်းအရ လိုအပ်သည့် အကူအညီများကို ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။



