back

သုခဒိုင်းမွန်းစိန်ဆိုင်ကို ပြန်မဖွင့်ဘဲ ရှောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းလာတဲ့ သမီးဖြစ်သူ နှင်းဆီလင်းဝင်း

Jan 21 • 6:06 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

သုခဒိုင်းမွန်းစိန်ဆိုင်ကို ပြန်မဖွင့်ဘဲ ရှောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းလာတဲ့ သမီးဖြစ်သူ နှင်းဆီလင်းဝင်း

အဆိုတော်ရဲနောင်ရဲ့ဇနီးဖြစ်သူ နှင်းဆီလင်းဝင်းဟာသူမကတော့ ရှောင်နေတာမဟုတ်ဘဲ ရတနာဆိုင်ပြန်ဖွင့်ဖို့အတွက် ဘာအသိပညာ၊ အတတ်ပညာမျှမရှိသေးလို့ မဖွင့်နိုင်ရသေးတာလို့ဆိုပါတ...

အဆိုတော်ရဲနောင်ရဲ့ဇနီးဖြစ်သူ နှင်းဆီလင်းဝင်းဟာသူမကတော့ ရှောင်နေတာမဟုတ်ဘဲ ရတနာဆိုင်ပြန်ဖွင့်ဖို့အတွက် ဘာအသိပညာ၊ အတတ်ပညာမျှမရှိသေးလို့ မဖွင့်နိုင်ရသေးတာလို့ဆိုပါတယ်။ နှင်းဆီလင်းဝင်းဟာ အီစိမ့်မွှေးနွားနို့နှင့်နို့ထွက်ပစ္စည်းလုပ်ငန်းတွေကိုလုပ်ကိုင်နေသူဖြစ်သလို သုခဒိုင်းမွန်းစိန်ဆိုင်ပိုင်ရှင်ရဲ့ သမီးလည်းဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာဆိုင်ပြန်ဖွင့်ဖို့ ရတနာပစ္စည်းလုံလုံလောက်လောက်ရှိပေမယ့် ရတနာနှင့်ပတ်သက်ပြီး ဘာမျှမသိခြင်း၊ စိတ်အခြေအနေအရ အဆင်သင့်မဖြစ်သေးခြင်း၊ လစ်လပ်ဆုံးရှုံးသွားတဲ့ မိသားစုဝင်တွေကိုယ်စား အိမ်ထောင်ရှင်မတာဝန်ကို ယူထားရခြင်းစသည်တို့ကြောင့် ရတနာနှင့်ပတ်သက်တဲ့ သင်တန်းပညာကို မသင်ကြားနိုင်သေးဘဲ ရတနာဆိုင်ကို ပြန်ဖွင့်လို့မရသေးကြောင်းပြောပါတယ်။ ဝယ်ယူထားသူများက ပစ္စည်းများပြန်သွင်းချင်တာကိုနားလည်ပေမယ့် သူမအနေနှင့် ဆိုင်မဖွင့်နိုင်သေးတာကြောင့် ငွေအလျင်လိုခဲ့ပါက အခြားဆိုင်များတွင်ရောင်းချရန်နှင့် သူမ ဆိုင်မှာသူရောင်းချချင်ပါက ဆိုင်ဖွင့်သည်အထိစောင့်ဆိုင်းပေးရန်ပြောပါတယ်။ သူမကိုယ်ပိုင်စီးပွားရေး၊ သားသမီးများ အရွယ်ရောက်အခြေကျပါက ရတနာနှင့်ပတ်သက်တဲ့ပညာကိုသင်ယူပြီး သုခဒိုင်းမွန်းစိန်ဆိုင်ကို ပြန်ဖွင့်သွားမယ်လို့ သူမက ပြောပါတယ်။


news-view-count-icon

33