အိန္ဒိယနိုင်ငံသို့ မြန်မာ့ပဲမျိုးစုံအပါအဝင် စိုက်ပျိုးရေးထွက်ကုန်များပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးကို နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း သိရသည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ် ကြီး H.E. Mr. Abhay Thakur နှင့် (၉) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးသို့တက်ရောက်ရန် နေပြည်တော်၌ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန Additional Secret-ary Sh. Nitin Kumar Yadav တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံစဉ် ယင်းသို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။



