back

ရုရှားဂြိုလ်တုက လွန်ခဲ့သောနှစ်ပေါင်း ၁၁.၃ဘီလျံမှ ဂမ်မာရောင်ခြည် ပေါ-က်ကွဲမှုကို ထောက်လှမ်းနိုင်ခဲ့

Jan 21 • 4:50 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရုရှားဂြိုလ်တုက လွန်ခဲ့သောနှစ်ပေါင်း ၁၁.၃ဘီလျံမှ ဂမ်မာရောင်ခြည် ပေါ-က်ကွဲမှုကို ထောက်လှမ်းနိုင်ခဲ့

ရုရှားဂြိုလ်တုတစ်ခုသည် လွန်ခဲ့သောနှစ်ပေါင်း ၁၁.၃ ဘီလျံက ဖြစ်ပွားခဲ့သော အားကောင်းသော ဂမ်မာရောင်ခြည် ပေါ-က်ကွဲမှုကို တွေ့ရှိခဲ့ကြောင်း အာအိုင်အေ နိုဗိုစတီ သတင်းဌာ...

ရုရှားဂြိုလ်တုတစ်ခုသည် လွန်ခဲ့သောနှစ်ပေါင်း ၁၁.၃ ဘီလျံက ဖြစ်ပွားခဲ့သော အားကောင်းသော ဂမ်မာရောင်ခြည် ပေါ-က်ကွဲမှုကို တွေ့ရှိခဲ့ကြောင်း အာအိုင်အေ နိုဗိုစတီ သတင်းဌာနက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။၂၃၉ အယ်လ်ဖာရိုဖ့် ဂြိုလ်တုတွင် တပ်ဆင်ထားသည့် ဂမ်မာရောင်ခြည်တိုင်းကိရိယာသည် ဂျီအာဘီ ၂၆၀၁၀၁အေ ပေါ-က်ကွဲခြင်းအား မှတ်တမ်းတင်ထားသည်။အဆိုပါ ပေါ-က်ကွဲမှုသည် နေထက် အဆပေါင်း ဆယ်ဆပိုမိုကြီးမားသော ကြယ်ကြီးတစ်ခု၏ အလယ်ဗဟို၏ ဆွဲငင်အား ပြိုကျမှုကြောင့်ဖြစ်ရခြင်းဖြစ်သည်ဟု သုတေသီများက ယုံကြည်ကြသည်။ရုရှားသိပ္ပံအကယ်ဒမီ၏ အာကာသဆိုင်ရာ ဖြစ်စဉ်တွေကို စမ်းသပ်လေ့လာတဲ့ ဌာနမှ အကြီးတန်း သုတေသီ ဒီမစ်ထရီ စဗင်ကင်၏ ပြောကြားချက်အရ ဂြိုဟ်တုမှ စုဆောင်းရရှိသော အချက်အလက်များသည် ကောင်းကင်ယံတွင် ဂမ်မာရောင်ခြည် ကွဲထွက်ခြင်း၏ တည်နေရာများကို ဆုံးဖြတ်ရာတွင် တိကျမှုကို ပိုမိုကောင်းမွန်လာစေမည် ဖြစ်သည်။



news-view-count-icon

18