back

စပိန်၊ဘာစီလိုနာ အနီးရထားလမ်းချော်၍ ရထားမောင်းသူ ‌ေ-သဆုံး

Jan 21 • 4:21 AM

breaking-news

မြန်မာ

ပြည်ပ

cover

စပိန်၊ဘာစီလိုနာ အနီးရထားလမ်းချော်၍ ရထားမောင်းသူ ‌ေ-သဆုံး

စပိန်နိုင်ငံ ဘာစီလိုနာမြို့အနီးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားလမ်းပေါ်သို့ မြေထိန်းနံရံတစ်ခု ပြိုကျခဲ့ပြီးနောက် အင်္ဂါနေ့တွင် ခရီးသည်တင်ရထားတစ်စီး လမ...

စပိန်နိုင်ငံ ဘာစီလိုနာမြို့အနီးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားလမ်းပေါ်သို့ မြေထိန်းနံရံတစ်ခု ပြိုကျခဲ့ပြီးနောက် အင်္ဂါနေ့တွင် ခရီးသည်တင်ရထားတစ်စီး လမ်းချော်ခဲ့ရာ၊ ရထားမောင်းသူ ‌ေ-သဆုံးခဲ့ပြီး ခရီးသည်လေးဦး ပြင်းထန်စွာ ဒ-ဏ်ရာရရှိခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။ဤမတော်တဆမှုသည် လူ ၄၂ ဦး ‌ေ-သဆုံးခဲ့ရသည့် တောင်ပိုင်း ကော်ဒိုဘာပြည်နယ်၊ အာဒါမုဇ်မြို့အနီးရှိ အရှိန်ပြင်းရထားချင်း တို-က်မိပြီး လမ်းချော်မှုဖြစ်ပွားပြီးနောက် နှစ်ရက်အကြာတွင်ပင် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကက်တလိုးနီးယား ဒေသန္တရ မီးသ-တ်ဌာနအင်စပက်တာ ကလော်ဒီ ဂယ်လာဒိုက အခင်းဖြစ်ပွားရာနေရာမှ ရုပ်မြင်သံကြားမှတ်တမ်းများတွင် လူ ၃၇ ဦး ဒ-ဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၄ ဦးမှာ စိုးရိမ်ရကြောင်းနှင့် ရထားမောင်းသူ ‌ေ-သဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

news-view-count-icon

19