back

တရုတ်နိုင်ငံ၊ ဗဟိုအာရှ ၅ နိုင်ငံကြား ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ရှိလာ

Jan 21 • 3:52 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၊ ဗဟိုအာရှ ၅ နိုင်ငံကြား ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ရှိလာ

တရုတ်နိုင်ငံနှင့် ဗဟိုအာရှ ၅ နိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် ရှိခဲ့ရာ စံချိန်တင်မြင့်တက်ခဲ့ပြီး ယင်းမှာ နှစ်ဘက...

တရုတ်နိုင်ငံနှင့် ဗဟိုအာရှ ၅ နိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် ရှိခဲ့ရာ စံချိန်တင်မြင့်တက်ခဲ့ပြီး ယင်းမှာ နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုအရှိန်အဟုန်ကို ဖော်ပြနေခြင်းလည်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၉ ရက်၌ ပြောကြားခဲ့သည်။ ထိုပမာဏမှာ တရုတ်-ဗဟိုအာရှ ယန္တရား၏ ဦးဆောင်မှုနှင့် မြှင့်တင်မှုအခန်းကဏ္ဍကို အသေအချာ ဖော်ပြလိုက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်ဦးစီးဌာန၏ စာရင်းအင်းများကို ကိုးကားလျက် ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ကမ္ဘာ့စီးပွားရေးတိုးတက်မှုမှာ နှေးကွေးလျက်ရှိသလို နိုင်ငံတကာကုန်သွယ်မှုစနစ်မှာလည်း စိန်ခေါ်မှု အများအပြားနှင့် ရင်ဆိုင်‌နေရကြောင်း၊ တရုတ်-ဗဟိုအာရှ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမှာမူ ထူးခြားစွာ တိုးတက်လျက်ရှိကာ ကုန်သွယ်မှုပမာဏအနေဖြင့် စံချိန်သစ်တင်ခဲ့ကြောင်း ကောက ဆိုသည်။

news-view-count-icon

7