back

မင်္ဂလာဒုံပုလဲလမ်းဆုံ‌အနီး ဖယ်ရီကားဘီးပေါက်၍ အမျိုးသမီးနှစ်ဦးပြုတ်ကျရာမှ တစ်ဦး‌ သေဆုံးသွား

Jan 21 • 3:49 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မင်္ဂလာဒုံပုလဲလမ်းဆုံ‌အနီး ဖယ်ရီကားဘီးပေါက်၍ အမျိုးသမီးနှစ်ဦးပြုတ်ကျရာမှ တစ်ဦး‌ သေဆုံးသွား

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမ၊ ပုလဲလမ်းဆုံမှတ်တိုင်အကျော်တွင် ဖယ်ရီကားတစ်စီးဘီးပေါက်ရာမှ ယာဉ်ပေါ်လိုက်လာသူ အမျိုးသမီးနှစ်ဦးပြုတ်ကျခဲ့ပ...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမ၊ ပုလဲလမ်းဆုံမှတ်တိုင်အကျော်တွင် ဖယ်ရီကားတစ်စီးဘီးပေါက်ရာမှ ယာဉ်ပေါ်လိုက်လာသူ အမျိုးသမီးနှစ်ဦးပြုတ်ကျခဲ့ပြီး တစ်ဦး‌ သေဆုံးသွားကြောင်း ပုလဲအရန်မီးသတ်မှ သိရသည်။အဆိုပါအခင်းဖြစ်ပွားရာနေရာသို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကူညီခဲ့ရာ ယာဉ်ပေါ်မှပြုတ်ကျသူ အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ ခေါင်းနောက်စေ့ဖူးယောင်ဒဏ်ရာ၊ ပါးစပ်သွေးထွက်ပြီး သတိလစ်စိုးရိမ်ရသည့် အခြေအနေများကြောင့် မေဓာဝီဆေးရုံသို့ အလျင်အမြန်ပို့ဆောင်စဉ် လမ်း၌ဆုံးပါးသွားခဲ့သဖြင့် ၎င်းရုပ်လောင်းကို မေဓာဝီဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီး၊ ၁၂ လမ်းမှတ်တိုင်အနီးတွင်ရပ်ထားသော စည်ပင်အမှိုက်သိမ်း သုံးဘီးယာဉ်ကို တက္ကစီးတစ်စီးမှဝင်တိုက်မိခဲ့ပြီး စည်ပင်သုံးဘီးယာဉ်မှ သားအဖနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ဆက်လက်သိရသည်။

news-view-count-icon

26