ထိုင်း မိုးလေဝသဌာနက ထုတ်ပြန်ချက်အရ တရုတ်ပြည်ကလာတဲ့ လေအေးတွေကြောင့် တောင်တရုတ်ပင်လယ်ပြင်နဲ့ ထိုင်းနိုင်ငံတစ်လျှောက် ဇန်နဝါရီ ၂၁ ရက်ကနေ ၂၅ ရက်နေ့အထိ အရမ်းကိုအေးမယ့် ရက်တွေဖြစ်လာမယ်လို့ သိရပါတယ်။ထိုင်းမြောက်ပိုင်းမှာဆိုရင်တော့မြူတွေ ထူထပ်စွာကျဆင်းနိုင်ပြီး တောင်တန်းဒေသတွေမှာဆို အပူချိန် ၃ ကနေ ၁၂ ဒီဂရီစင်တီဂရိတ်အထိပဲရှိနိုင်မှာပါ။ထိုင်းအရှေ့မြောက်ပိုင်းမှာလည်း အပူချိန်ကျဆင်းမှာဖြစ်တယ်လို့ သိရပြီး ထိုင်းအလယ်ပိုင်းမှာဆိုရင်တော့ မိုးလေးနည်းနည်းရွာတာမျိုးရှိနိုင်ပါတယ်။ဘန်ကောက်နဲ့ အနီးတဝိုက်မှာတော့ မြူတွေကျဆင်းနိုင်ပြီး အပူချိန်က လက်ရှိရှိနေတာထက် ၁-၂ ဒီဂရီထပ်မံ ကျဆင်းနိုင်သလို၊ အပူချိန်က ၂၂ ကနေ ၂၄ ဝန်းကျင်ရှိမှာပါဖြစ်ပါတယ်။
Jan 21 • 2:49 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


