back

ကန်ချနဘူရီခရိုင်တွင် ရန်ကုန်နှင့် ပဲခူးမှ လာသည့် မြန်မာလုပ်သား ၈၆ ဦးဖမ်းဆီးခံရ

Jan 21 • 2:29 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ကန်ချနဘူရီခရိုင်တွင် ရန်ကုန်နှင့် ပဲခူးမှ လာသည့် မြန်မာလုပ်သား ၈၆ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်၊ ဆိုင်ယုတ်မြို့နယ်အတွင်း၌ တရားမဝင်ဝင်ရောက်လာသည့် မြန်မာလုပ်သား ၈၆ ဦးနှင့် သယ်ဆောင်လာသည့် ပစ်ကပ်ကား ၄ စီးကို ဇန်နဝါရီ ၂၀ ရက်တွင်...

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်၊ ဆိုင်ယုတ်မြို့နယ်အတွင်း၌ တရားမဝင်ဝင်ရောက်လာသည့် မြန်မာလုပ်သား ၈၆ ဦးနှင့် သယ်ဆောင်လာသည့် ပစ်ကပ်ကား ၄ စီးကို ဇန်နဝါရီ ၂၀ ရက်တွင် စူရစီတပ်ဖွဲ့ က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများတွင် အမျိုးသား ၅၇ ဦးနှင့် အမျိုးသမီး ၂၉ ဦး ပါဝင်ပြီး ၎င်းတို့သည် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့မှ လာရောက်ကြသူများဖြစ်ကာ စမွတ်စခွန်ခရိုင်ရှိ အလုပ်အကိုင်များသို့ သွားရောက်ရန်အတွက် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၂,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးချေရန် သဘောတူခဲ့ကြသူများ ဖြစ်သည်။ ဇန်နဝါရီ ၆ ရက်မှ ၂၀ ရက်အထိ နှစ်ပတ်အတွင်း ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၃၂၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

34