ထိုင်းနိုင်ငံ၊ အန်ထောင်ခရိုင်ရှိ အာရှအဝေးပြေးလမ်းမပေါ်တွင် ဇန်နဝါရီ ၁၉ ရက် ညပိုင်းက ပစ်ကပ်ကားနှစ်စီး၏ နောက်ခန်းတွင် မိုးကာစများဖြင့် ဖုံးအုပ်လိုက်ပါလာသည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၂၂ ဦးကို အဝေးပြေးလမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများသည် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသူများဖြစ်ပြီး ပထုံဌာနီခရိုင်သို့ သွားရောက်ရန်အတွက် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၃,၀၀၀ ခန့် ပေးဆောင်ခဲ့ရကြောင်း စစ်ဆေးချက်များအရ သိရှိရပါသည်။ ယာဉ်မောင်းဖြစ်သူက ၎င်းတို့သည် ယခုကဲ့သို့ လူမှောင်ခိုသယ်ဆောင်မှုကို ၄ ကြိမ်မြောက် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ တစ်ဦးလျှင် ဘတ် ၃,၅၀၀ စီ ရရှိကြောင်း ဝန်ခံထားပြီး၊ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားပေါင်း ၂၃၈ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရှိရပါသည်။
Jan 21 • 2:28 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


