back

စံကားဒေသတွင် ရွေးကောက်ပွဲအတွက်ဟုဆိုကာ စာသင်ကျောင်းများ (၈)ရက်အထိ ပိတ်ထားရ

Jan 21 • 2:19 AM

breaking-news

မြန်မာ

ရှမ်း

cover

စံကားဒေသတွင် ရွေးကောက်ပွဲအတွက်ဟုဆိုကာ စာသင်ကျောင်းများ (၈)ရက်အထိ ပိတ်ထားရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်သည် ရွေးကောက်ပွဲ အပိုင်း(၃)တွင်ပါဝင်ပြီး ရွေးကောက်ပွဲအတွက်ဟုဆိုကာ စံကားဒေသတွင် စာသင်ကျောင်းအချို့ (၈)ရက်တိတိကျောင်းပိတ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်သည် ရွေးကောက်ပွဲ အပိုင်း(၃)တွင်ပါဝင်ပြီး ရွေးကောက်ပွဲအတွက်ဟုဆိုကာ စံကားဒေသတွင် စာသင်ကျောင်းအချို့ (၈)ရက်တိတိကျောင်းပိတ်ထားရကြောင်း သိရသည်။ “ကျောင်းပိတ်တာက(၂)ရက်(၃)ရက်ရှိပြီ၊ ရွေးကောက်ပွဲအတွက် မဲရုံကျောင်းမှာလုပ်မယ်ဆိုပြီး ဆရာမက ကျောင်း(၈)ရက်ပိတ်ပေးထားတယ်၊ စာမေးပွဲကြီးကနီးနေပြီကို ကျောင်းက(၈)ရက်တောင် ထပ်ပိတ်တော့ ကလေးစာမဖြေနိုင်မှာကိုလည်းစိုးရိမ်တယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စာသင်ကျောင်းသည် မဲရုံအတွက်အသုံးပြုမည်ဆိုသော်လည်း ရွေးကောက်ပွဲက ဇန်နဝါရီလ(၂၅)ရက်နေ့ တနင်္ဂနွေနေ့၌ ကျင်းပပြုလုပ်မှာဖြစ်သည့်အတွက် ရက်ရှည်ကျောင်းပိတ်ခြင်းက မဖြစ်သင့်ကြောင်း ဒေသခံကျောင်းသားမိဘများက ဆိုကြသည်။

news-view-count-icon

21