ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၉ ရပ်ကွက်၊ ရတနာပုံ ၄ လမ်းရှိ ဆိုင်ခန်းတစ်ခု၌ ဇန်နဝါရီ ၂၀ ရက် ည ၉ နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့သဖြင့် ၁၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါမီးလောင်မှုမှာ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှတစ်ဆင့် ဝါယာရှော့ဖြစ်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး သုံးခန်းတွဲဆိုင်ခန်းအတွင်းမှ ဆိုင်ခန်းတစ်ခန်း မီးလောင်ပျက်စီးခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။
Jan 21 • 2:19 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 21 | 0 | 0 | 0 |


