back

မကွေးတိုင်းဒေသကြီးကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များ ဖိုရမ်အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကျင်းပ

Jan 21 • 2:17 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်းဒေသကြီးကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များ ဖိုရမ်အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကျင်းပ

လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆(Youth Peace Forum 2026)သို့ တက်ရောက်ခဲ့ကြသည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များ၏ ဖိုရမ်အတွေ့အကြုံရှင်းလင်းပွဲအခ...

လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆(Youth Peace Forum 2026)သို့ တက်ရောက်ခဲ့ကြသည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များ၏ ဖိုရမ်အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးတက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ကြသည့် လူငယ်ကိုယ်စားလှယ်များနှင့် မကွေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။မကွေးတိုင်းဒေသကြီး ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်အဖွဲ့ အဖွဲ့ခေါင်းဆောင် လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က လူငယ်ငြိမ်းချမ်းရေးဖိုရမ် - ၂၀၂၆ နှင့် ပတ်သက်၍ အကျဉ်းချုပ် ရှင်းလင်းတင်ပြကာ၊ ဖိုရမ်သို့ တက်ရောက်ခဲ့ကြသော မကွေးတိုင်းဒေသကြီး ကိုယ်စားလှယ်များက ဖိုရမ်ခေါင်းစဉ် (၁၀) ခုအပေါ် တစ်ဦးချင်း ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြသည်။

news-view-count-icon

16