back

ရုရှားက ကြီးကြီးမားမား တိုက်ခိုက်ဖို့ စီစဉ်နေကြောင်း ယူကရိန်း နိုင်ငံသားတွေကို ဇီလန်စကီး သတိပေး

Jan 21 • 1:44 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရုရှားက ကြီးကြီးမားမား တိုက်ခိုက်ဖို့ စီစဉ်နေကြောင်း ယူကရိန်း နိုင်ငံသားတွေကို ဇီလန်စကီး သတိပေး

ရုရှားက မိမိတို့ နိုင်ငံကို ကြီးကြီးမားမား တိုက်ခိုက်ဖို့ စီစဉ်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဇန်နဝါရီ ၁၉ ရက်မှာ သတိပေး ပြောကြားလိုက်ပါတယ်။ရုရှား...

ရုရှားက မိမိတို့ နိုင်ငံကို ကြီးကြီးမားမား တိုက်ခိုက်ဖို့ စီစဉ်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဇန်နဝါရီ ၁၉ ရက်မှာ သတိပေး ပြောကြားလိုက်ပါတယ်။ရုရှားက ကြီးကြီးမားမား တိုက်ခိုက်ဖို့ စီစဉ်နေပြီး အခွင့်အခါကို စောင့်ဆိုင်းနေတယ်လို့ သမ္မတ ဇီလန်စကီးက ညပိုင်း ပြောကြားတဲ့ နိုင်ငံတော် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။မိမိတို့ရဲ့ စွမ်းအင်ကို ကြီးကြီးမားမား ထိခိုက်စေအောင် ရုရှားက မိမိတို့ရဲ့ နျူကလီးယား စက်ရုံတွေကို တိုက်ခိုက် ဖျက်ဆီးဖို့ စီစဉ်နေတာ ဖြစ်ကြောင်း သူက ပြောပါတယ်။ဆောင်းရာသီအတွင်း အပူချိန် အလွန်အမင်း ကျဆင်းနေချိန် ယူကရိန်း ပြည်သူတွေ အပူပေးစက် သုံးမရအောင် ရုရှားက ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အဦတွေကို အရှိန်မြှင့် တိုက်ခိုက်နေပါတယ်။ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းဒေသတွေ အများကြီးမှာ လျှပ်စစ်ဓာတ်နဲ့ဂတ်စ် ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။စွမ်းအင်ကဏ္ဍ အခြေအနေ ခက်ခဲနေဆဲ ဖြစ်ပေမယ့် ဝန်ဆောင်မှုများ အားလုံး တတ်နိုင်သမျှ အမြန်ဆုံး ပြန်ပေးနိုင်ရေး ကြိုးပမ်းနေကြောင်း ဇီလန်စကီးက ပြောပါတယ်။ရာသီဥတု အခြေအနေ ပြင်းထန်နေချိန်မှာ ၂၄ နာရီပတ်လုံး ဝန်ဆောင်မှု ပြန်လည် ပေးအပ်နိုင်ရေး ကြိုးပမ်းနေတဲ့ ပြုပြင်ရေးသမားတွေနဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း၊ လျှပ်စစ်မီး၊ ရေနဲ့ အပူပေးစနစ်တွေ ပြန်လည် အသုံးပြုနိုင်စေဖို့ အလျင်အမြန် ကြိုးပမ်းနေကြောင်း သူက ပြောပါတယ်။အမေရိကန် အရာရှိတွေနဲ့ ဆွေးနွေးဖို့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ အမေရိကန်နိုင်ငံ မီယာမီသို့ ရောက်ရှိနေချိန်မှာ ယူကရိန်းကို ရုရှားက အရှိန်မြှင့်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။


news-view-count-icon

12