back

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့၊‎တောင်ချောင်း-ကလေခိုလမ်းရှိ တံတားတစ်စင်းပြန်လည်ပြုပြင်မွမ်းမံ

Jan 21 • 1:20 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့၊‎တောင်ချောင်း-ကလေခိုလမ်းရှိ တံတားတစ်စင်းပြန်လည်ပြုပြင်မွမ်းမံ

‎ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကလေခိုကျေးရွာအုပ်စု နဲ့ တောင်ချောင်းကျေးရွာအုပ်စုကြားဆက်သွယ်ပေးထားတဲ့ သောက်ရေခပ် ကျေးရွာအနီးရှိ တံတားတစ်စင်းကို ပြီးခဲ့တဲ့ ၁၇...

‎ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကလေခိုကျေးရွာအုပ်စု နဲ့ တောင်ချောင်းကျေးရွာအုပ်စုကြားဆက်သွယ်ပေးထားတဲ့ သောက်ရေခပ် ကျေးရွာအနီးရှိ တံတားတစ်စင်းကို ပြီးခဲ့တဲ့ ၁၇ရက် နေ့က အနီးအနားရှိကျေးရွာအသီးသီးမှဝိုင်းဝန်းလုပ်အားပေးပြီး ပြုပြင်မွမ်းမံခဲ့ကြပါတယ်။‎အဲ့ဒီတံတားဟာ သောက်ရေခပ်၊ ကလေခိုနဲ့ တောင်ချောင်းကျေးရွာတင်မကဘဲ မောင်ကျော်ကျေးရွာအထိ ဆက်သွယ်ပေးထားတဲ့လမ်းမှာတည်ရှိနေတဲ့ တံတားတစ်စင်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က မိုးကြီးမှုကြောင့် ရေတိုက်စားကာ တံတားတိုင်တွေပျက်စီးသွားခဲ့တာဖြစ်ပါတယ်။‎ဒါ့ကြောင့် အနီးအနားရှိကျေးရွာအသီးသီးဟာ လုပ်ငန်းတာဝန်ခွဲဝေကာ လုပ်အားပေးပြီး တံတားကို ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြတယ်လို့ သိရပါတယ်။

news-view-count-icon

26