back

ဂျော့ရှုဝါဗန်၏ ချန်ပီယံတံဆိပ်ပေးအပ်မှုတွင် မြန်မာအလံကို UFC ထည့်သွင်းထား

Jan 20 • 8:20 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဂျော့ရှုဝါဗန်၏ ချန်ပီယံတံဆိပ်ပေးအပ်မှုတွင် မြန်မာအလံကို UFC ထည့်သွင်းထား

မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား UFC ဖိုက်တာ ဂျော့ရှုဝါဗန်ကို UFC က ချန်ပီယံတံဆိပ်ချီးမြှင့်ရာ၌ အဆိုပါ တံဆိပ်ပေါ်တွင် မြန်မာအလံကို ထည့်သွင်းဖော်ပြပေးခဲ့သည်ကို ...

မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား UFC ဖိုက်တာ ဂျော့ရှုဝါဗန်ကို UFC က ချန်ပီယံတံဆိပ်ချီးမြှင့်ရာ၌ အဆိုပါ တံဆိပ်ပေါ်တွင် မြန်မာအလံကို ထည့်သွင်းဖော်ပြပေးခဲ့သည်ကို တွေ့ရသည်။ ပတ္တမြားတစ်လုံးကို ချန်ပီယံဖြစ်မှု အထိမ်းအမှတ်အဖြစ် ထည့်သွင်းပေးထားပြီး ခါးပတ်ကာကွယ်နိုင်မှုအပေါ်မူတည်၍ ပတ္တမြားအရေအတွက် တိုးလာမည်ဖြစ်ကာ UFC သမိုင်း၌ မြန်မာ့အလံကို ပထမဆုံးအကြိမ် ချန်ပီယံတံဆိပ်‌ ပေါ်တွင် မြန်မာအလံကို ရို-က်နှိပ်ပေးအပ်ခြင်းလည်းဖြစ်သည်။ယင်းအပေါ် ကချင်တိုင်းရင်းသား ဖိုက်တာ အောင်လအန်ဆန်ကလည်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဂျော့ရှုဝါဗန်အား ဂုဏ်ပြုသည့်အနေဖြင့် မျှဝေပေးထားသည်ကိုတွေ့ရသည်။ဂျော့ရှုအာဗန်သည် ‌UFC ၏ Flyweight World Champion ဆုကို၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၆)ရက်တွင် ဆွတ်ခူးပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွက် ပထမဆုံး UFC ချန်ပီယံသမိုင်းသစ်ကို ရေးထိုးနိုင်ပေးနိုင်ခဲ့သူ တစ်ဦးဖြစ်သည်။


news-view-count-icon

51