back

၉ လတာကာလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၃၃၀ ကျော်ဝင်ရောက်ခဲ့

Jan 20 • 7:46 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

၉ လတာကာလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၃၃၀ ကျော်ဝင်ရောက်ခဲ့

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ ကိုးလတာကာလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၃၃၀ ကျော်ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏ...

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ ကိုးလတာကာလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၃၃၀ ကျော်ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။၂၀၂၅ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကာလအတွင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၂ ခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃၃ ဒသမ ၈၉၇ သန်းရှိခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနက်ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ငန်း ၅၉ ခုအထိ ဝင်ရောက်ခဲ့ပြီး အခြားသောလုပ်ငန်းကဏ္ဍများထက် အများဆုံးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အလားတူကာလနှင့်နှိုင်းယှဉ်ပါကရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၉ ခု၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၆၃၉ သန်းကျော် ရှိခဲ့ကြောင်း သိရသည်။


news-view-count-icon

32