back

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ယခုနှစ် ဆင်ပြတိုက်(ElephantMuseum)ကို ဖွင့်လှစ်ပြသ ပေးသွားမည်ဖြစ်

Jan 20 • 4:39 AM

breaking-news

မြန်မာ

မကွေး

cover

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ယခုနှစ် ဆင်ပြတိုက်(ElephantMuseum)ကို ဖွင့်လှစ်ပြသ ပေးသွားမည်ဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း၌ ယခုနှစ် မန်းရွှေစက်တော်ဘုရားပွ...

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း၌ ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲကာလတွင် ဆင်ပြတိုက်(Elephant Museum)ကို ဖွင့်လှစ်၍ အများပြည်သူ ဗဟုသုတရရှိနိုင်မည့် ဆင်နှင့် ပတ်သက်သည့် အချက်အလက်များ ရုပ်လုံးသွင်း ဆင်ရုပ်ထုနှင့် ဆင်အသုံးအဆောင်ပစ္စည်များကို ခင်းကျင်းပြသပေးသွားမည်ဖြစ်ကြောင်း အဆိုပါဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာထံမှ သိရသည်။ဆင်စခန်းမှာ လာရောက်အပန်းဖြေအနားယူ လည်ပတ်တဲ့သူတွေကို ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအားလုံး ဆောင်ရွက်ပေးနိုင်ဖို့၊ ခရီးတိုဆင်စီးရင် တောတောင်ရေမြေနဲ့ စိမ်းစိုသာယာလှပတဲ့ သဘာဝရှုခင်းအလှတွေကို ကြည့်ရှုခံစားနိုင်စေဖို့နဲ့ မန်းချောင်းဘေး ဆင်များနှင့်အတူ ရေချိုးရင်း အပန်းဖြေအနားယူနိုင်စေဖို့ ဆောင်ရွက်နေပါတယ်။အဆိုပါဆင်စခန်းကို ဖွင့်လှစ်ချိန်အဖြစ် နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာချိန်ထိ သတ်မှတ် ထားကာ ဆင်စခန်းရှိ တည်းခိုဆောင်များ၌ ညအိပ်တည်းခိုနားနေနိုင်ကြောင်း၊ ဆင်စခန်းတွင် ဆင်ထီး (၅)ကောင်၊ ဆင်မ(၈)ကောင်၊ စုစုပေါင်း ဆင်(၁၃)ကောင်ရှိပြီး ပြည်တွင်း ခရီးသွားတစ်ဦးလျှင် ဆင်စခန်းဝင်ကြေး ၁,၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၅၀၀၀ ကျပ်နှုန်း၊ ပြည်ပ နိုင်ငံခြားသား တစ်ဦးလျှင် ဝင်ကြေး ၁၀,၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၁၀,၀၀၀ ကျပ်နှုန်း၊ သတ်မှတ်ထားပါသည်။

news-view-count-icon

68