မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Ms. Ma Jia တို့သည် ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိအမြင်များ ဖလှယ်နိုင်ရေး၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များကို အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ ဤတွေ့ဆုံမှုသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။
Jan 20 • 4:37 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


